Polynomial (Part 2)

လက်တွေဘ၀တွင် အသုံးဝင်သော Polynomial

Polynomial တစ္ခု ကို ေယ်ဘုယ် …


anx n +an – 1x n – 1 + … + a1x + a0  ဖေါ်ပြနိုင်ကြောင်း ပြောခဲ့ပြီးပါပြီ။
ဒီနေရာမှာ an , an – 1, … , a1 , a0 , တို့ဟာ coefficients (မြှောက်ဖော်ကိန်း) တွေ ဖြစ်ကြပါတယ်။ x ဆိုတာကတော့ variable (ကိန်းရှင်) ဖြစ်ပြီးတော့ set of real numbers (ကိန်းစစ် အစု) ထဲက မည်သည့် real number မဆို ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် polynomial ဆိုတာ ကိန်းစစ်အစု နှစ်ခုကြား ဆက်သွယ်ထားတဲ့ function တစ်ခုလို့လဲ ပြောလို့ရပါတယ်။
f : R —-> R, f (x ) = anx n +an – 1x n – 1 + … + a1x + a0  လို့ ပြောနိုင်တာပေါ့။ 

Polynomial တွေ လက်တွေ့လောကမှာ သုံးလို့ရလား၊ ဘယ်နေရာတွေမှာ သုံးလဲ

 

ဆိုကြပါဆို့ သေတ္တာတစ်လုံးကို အနံ x cm ထားမယ်။ အလျားက အနံထက် 3 cm ပိုပြီး၊ အမြင့်က အနံအောက် 2cm လျော့မယ်ဆိုရင်…

အလျား = (x + 3) cm

အနံ = x  cm
အမြင့် = (x – 2) cm ဖြစ်ပါမယ်။ ဒါဆိုရင် …
ထုထည် = အလျား × အနံ × အမြင့် = (x + 3) x  (x – 2) = x 3 + x 2 – 6x  ဆိုပြီး အနံတန်ဖိုး သိရုံနဲ့ ထုထည်ကို ရှာနိုင်တဲ့ ပုံသေနည်း တစ်ခု ရပြီပေါ့။ ၎င်းပုံသေနည်းဟာ polynomial တစ်ခု ဖြစ်တယ် ဆိုတာ သိလောက်ပါပြီ။
အိုလံပစ် အားကစားမှာ ပါဝင်တဲ့ သံလုံးပစ်၊ လှံတံပစ် အားကစားကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ပစ်လိုက်တဲ့ သံလုံး၊လှံတံတွေဟာ parabolic carve (ပါရာဗိုလာ မျဉ်းကွေး) အတိုင်း ရွေ့လျားသွားပါတယ်။ အားကစားသမားရဲ့ လက်ထဲမှာ ရှိနေစဉ် သံလုံးဟာ မြေပြင်အထက် တစ်နေရာ(s0) ရှိနေပြီး စပစ်လိုက်တဲ့ အချိန်မှာတော့ အလျင်တစ်ခု (v0) ရရှိသွားပါတယ်။ ရွေ့လျားနေစဉ် အချိန်အတွင်းမှာ သံလုံးဟာ ကမ္ဘာမြေ ဆွဲရှိန်(g) ကြောင့် တစ်သမတ်အမြင့်နဲ့ ရွေ့လျားနေတာ မဟုတ်ပါဘူး။ ပစ်လိုက်တဲ့ အားတစ်ခုကြောင့် မြင့်တက်သွားပြီး အမြင့်ဆုံးနေရာ ရောက်တဲ့အချိန်မှာ ကမ္ဘာမြေ ဆွဲအားကြောင့် ပြန်ကျလာမှာ ဖြစ်ပါတယ်။ ဒီအခါမှာ သံလုံးရွေ့လျားနေစဉ် ဘယ်အချိန် (t) မှာ ဘယ်လောက် အမြင့်မှာ ရှိနေမလဲဆိုတာကို ပုံသေနည်း (formula) ထုတ်ပြီး တွက်ယူနိုင်ပါတယ်။ 

s0 = အားကစားသမား၏ အရပ်

v0 = သံလုံး၏ မူလ အလျင်
g = ကမ္ဘာမြေ ဆွဲရှိန်
t = အမြင့်နေရာ တစ်ခုသို့ သံလုံးရောက်ရှိချိန် 
s = t အချိန်တွင် သံလုံးရောက်ရှိနေသာ အမြင့်

s0, v0, g, t ဆိုသည့် အချက် အလက်များကို သိရှိပါက t အချိန်တွင် သံလုံးရောက်ရှိနေသာ အမြင့်ကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။



၎င်းပုံသေနည်းမှာ s ဆိုတာ t နဲ့ တည်ဆောက်ထားသော polynomial function တစ်ခု ဖြစ်တယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။

Polynomial (Part -1)

Polynomial ဆိုတာ ကိန်းရှင်တစ်ခုရဲ့ အပြည့်ကိန်း ထပ်ကိန်းများသာ ပါဝင်တဲ့ ကိန်းတန်းတစ်ခုပေါ့၊ ကိန်းလုံး တစ်ခုချင်းစီကို အပေါင်းအနှုတ် လက္ခဏာတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီကိန်း တစ်ခုချင်းစီကို term လို့ ခေါ်ပါတယ်။ Poly ဆိုတာ many လို့ အဓိပ္ပာယ်ရပြီး nomial ဆိုတာ terms လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် လုံးကောက်တိုက်ရိုက် ဘာသာပြန်လိုက်ရင် polynomial ဆိုတာ many terms ပေါ့။
  •  2x5 – 5x3 – 10x + 9
  • 5x3 + 3x – 1
  • ax2 + bx +c 
  • 2x
  • 3
စတာတွေကို polynomial လို့ ခေါ်ပါတယ်။ ဟာ ( 3x0 ဖြစ်လို့ polynomial အဖြစ် သတ်မှတ် နိုင်ပါတယ်)
terms

 အထက်က ပုံမှာ ကြည့်မယ်ဆိုရင် ထပ်ကိန်းတွေ အဆင့်ဆင့်ပြောင်းသွားတဲ့ x ကို ကိန်းရှင် (variable ) လို့ ခေါ်ပါတယ်။ variable ရှေ့မှာ မြှောက်ထားတဲ့ 4, 3, 7 တို့ကိုတော့ မြှောက်ဖော်ကိန်း (coefficients) တွေ လို့ ခေါ်ပါတယ်။ 7 ရဲ့ နောက်မှာ x0 ရှိတယ်လို့ နားလည်ထားရပါမယ်။ x0 ဆိုတာ ထည့်ရေးဖို့ မလိုတဲ့ အတွက်ကြောင့် x0 ပါတဲ့ terms ကို ကိန်းသေ (constant term) လို့ခေါ်ပါတယ်။ 

အထက်မှာ ပြောခဲ့တဲ့အတိုင်း polynomial ရဲ့ ထပ်ကိန်းတွေဟာ အပြည့်ကိန်း (0, l , 2, 3, …) ပဲ ဖြစ်ရပါမယ်။  variable ရဲ့ အကြီးဆုံးထပ်ကိန်း ကိုတော့ ၎င်း polynomial ရဲ့ order သို့မဟုတ် degree လို့ခေါ်ပါတယ်။  
  •  2x5 – 5x3 – 10x + 9 (polynomial of order 5 (or) the fifth degree polynomial)
  • 5x3 + 3x – 1 (polynomial of order 3 (or) the third degree polynomial)
  • ax2 + bx +c (polynomial of order 2 (or) the second degree polynomial) 
Polynomial ရဲ့ ထပ်ကိန်းတွေဟာ အနှုတ်ကိန်း (negative numbers) အပိုင်းကိန်း (fraction) မဖြစ်ရပါဘူး။ အောက်ပါကိန်းတန်းတွေကို polynomial လို့ မသတ်မှတ်နိုင်ပါဘူး။


Polynomial တစ်ခုကို ယျေဘုယျ (general expression)  အနေနဲ့ အောက်ပါအတိုင်း ဖေါ်ပြနိုင်ပါတယ်။

polynomial general form

Synthetic Division

Polynomial ကိန်းတန်းတစ်ခုကို polynomial of first degree နဲ့ စားတဲ့အခါ ရလာတဲ့ remainder အကြောင်းကို remainder theorem မှာ ပြောပြခဲ့ပြီးပါပြီ။ Remainder Theorem အရ သိနိုင်တာက အကြွင်း (remainder) ပါပဲ။ စားလဒ် (quotient) ကို သိချင်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ။ ဥပမာ လေးကြည့်ရအောင်။

p(x) = x3–7x–6 ကို x-4 နဲ့ စားမယ်ဆိုရင် remainder= p(4) ပေါ့။

p(4)= 43–7(4)–6 = 30 လို့သိနိုင်ပါတယ်။

ဒီနေရာမှာ p(x)=x3–7x–6 ကို dividend (တည်ကိန်း) လို့ ခေါ်ပါတယ်။ x – 4 ကို စားကိန်း (divisor) လို့ ခေါ်ပါတယ်။ p(4)=30 ကိုတော့ အကြွင်း (remainder) လို့ ခေါ်ပါတယ်။ remainder theorem အရ အလွယ်တကူ တွက်ထုတ်နိုင်တာက remainder value ပါပဲ။ စားလဒ် (quotient) ကို လိုချငိတယ်ဆိုရင်တော့ ချစားရတော့မှာပေါ့။ ဒီလိုပါ။

အခုဆိုရင် စားလဒ်က q(x)=x2+4x+9 ဆိုတာကို ရရှိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ပြဌာန်းချက်ပါ သင်ရိုးအရ စားလဒ်ကို လိုချင်ရင် ဒီလိုပဲ actual division နဲ့ပဲ စားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် multiple choice လို မေးခွန်းမျိုးအတွက် စားလဒ်အဖြေကိုပဲ လိုတဲ့အခါ ဒီနည်းဟာ ရှည်လျားပြီး အချိန်ကုန်တာပေါ့။ ဒါဆိုရင် ဘယ်လို လုပ်မလဲ။ စားလဒ်ကော အကြွင်းကိုပါ အလွယ်တကူ ရှာနိုင်တဲ့ synthetic division ကို သုံးပြီး တွက်ထုတ် နိုင်ပါတယ်။

အထက်က စားပြခဲ့တဲ့ polynomial ကိုပဲ ဥပမာအဖြစ် တွက်ကြည့်ရအောင်။ x3–7x–6 ကို x – 4 နဲ့ စားပါမယ်။

အဆင့်(၁)။ တည်ကိန်းရဲ့ terms တွေမှာ ပါဝင်တဲ့ မြှောက်ဖေါ်ကိန်းများ (coefficients) ကို degree အလိုက် အစဉ်လိုက် ချရေးပါမယ်။ လက်ရှိကိန်းတန်းမှာ ဆိုရင် x2 ပါတဲ့ကိန်းလုံး (term in x2) မပါဝင်တဲ့အတွက် coefficient=0 လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ စားကိန်း (in the form of x – k) မှာ ပါဝင်တဲ့ constant term k (ဒီဥပမာမှာ ဆိုရင်တော့ k=4 ပေါ့) ကို လည်း အောက်မှာ ပြထားသလို ရေးချလိုက်ပါ။

image

အဆင့်(၂)။ ပထမဦးဆုံးတွေ့တဲ့ coefficient 1 ကို ပြထားသည့်အတိုင်း ဆွဲချလိုက်ပါ။ ၎င်းနောက် k တန်ဖိုးဖြစ်သော 4 နှင့်မြှောက်ပြီး ဒုတိယ column က 0 အောက်တွင် ရလဒ်ကိုရေးပါ။

image

အဆင့်(၃)။ ဒုတိယ column မှ တန်ဖိုးများကို ပေါင်းပါ။ ရလဒ်ကို 4 နှင့်မြှောက်ပြီး တတိယ column တွင် ရေးပါ။ ထိုနည်း အတိုင်း column များကို ဖြည့်စွက်သွားပါ။

image

ရှေ့ဆုံးဂဏန်းသုံးလုံး (1 4 9) သည် စားလဒ်၏ coefficient များ ဖြစ်ပြီး 30 မှာ remainder ဖြစ်ပါတယ်။ မူလ polynomial ၏ degree မှာ 3 ဖြစ်သောကြောင့် စားလဒ်မှာ degree တဆင့်လျှော့ကျသွားပါမယ်။ ဒါကြောင့် စားလဒ်က x2+4x+9 လို့ အလွယ်တကူ သိနိုင်ပါတယ်။ အခုပြောခဲ့တဲ့ နည်းကို synthetic division လို့ ခေါ်ပါတယ်။ long polynomial division နဲ့ ချစားရန် မလိုပဲ quotient ကော remainder ပါ အလွယ်တကူ သိနိုင်တဲ့ နည်းတစ်ခုပါပဲ။

နောက်ထပ်ဥပမာ တစ်ပုစ်တွက်ကြည့်ရအောင်။

Example 1. Use synthetic division to divide 2x5 + 3x4 + 25x² − 1 by x + 3.

Dividend = p(x)= 2x5 + 3x4 + 25x² − 1 .

Divisor = x − k = x + 3 = x – (-3)

Therefore k = -3

image

Therefore the quotient is 2x4 − 3x3 + 9x² − 2x + 6 and the remainder is -19.

ဒီလောက်ဆိုရင် synthetic division ကို သဘောပေါက်လောက်ပါပြီ။