Trigonometry

Trigonometry

Trigonometry ဆိုတာ တြိဂံနဲ့ သက်ဆိုင်သော သင်္ချာဘာသာရပ်လို့ ယေဘုယျ အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ တြိဂံ၏ အနားများနှင့် ထောင့်များ၏ ဆက်စပ်မှုကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ အသုံးချသင်္ချာ (applied mathematics) ဘာသာရပ်တွင် trigonometric functions များကို mathematical tools အဖြစ် အသုံးပြု ပါသည်။ Trigonometry ၏ကဏ္ဍခွဲဖြစ်သော spherical trigonometry ကိုတော့ အာကာသပညာနှင့် ရေကြောင်း ပညာရပ်များတွင် အသုံးပြုသည်။

Angle

In trigonometry an angle is determined by rotating a ray about its endpoint from an initial position to terminal position.
ထောင့်တစ်ခု၏ မူလ(အစ) လက်တံကို initial side ဟုခေါ်ပြီး ရွေ့လျှားလက်တံကို terminal side ဟု ခေါ်သည်။ ထောင့်များကို coordinate ပြင်ညီတွင် ဖေါ်ပြသောအခါ positive x-axis ကို initial side ဟု သတ်မှတ်သည်။

Positive and Negative Angles

Angles measured from the X-axis in an anticlockwise direction are positive angles.
Angles measured from the X-axis in an clockwise direction are negative angles.
ထောင့်တစ်ခု ဆိုသည်မှာ အတိုင်းအတာ (magnitude) ဖြစ်သောကြောင့် ပကတိ တန်ဖိုးတွင် အပေါင်းအနှုတ် တန်ဖိုး သတ်မှတ် ချက် မရှိပါ။ Positive and negative ဟု ခွဲခြား သတ်မှတ်ခြင်းမှာ ဦးတည်ရာ (direction) ကို သတ်မှတ်ခြင်း ဖြစ်ပါသည်။ initial side မှ terminal side သို့ နာရီလက်တံ ပြောင်းပြန် (anticlockwise direction) အတိုင်းရွေ့လျှားလျှင် positive angle ဟု သတ်မှတ်ပြီး နာရီ လက်တံအတိုင်း (clockwise direction) ရွေ့လျှားလျှင် negative angle ဟု သတ်မှတ်သည်။

Radian Measure of an Angle

The radian measure of an angle is the ratio of the length of the arc (s) whose centre is at the vertex of the angle to the radius (r).
ထောင့်တစ်ခု၏ radian measure ဆိုသည်မှာ ထိုထောင့်၏ ထောင့်စွန်းမှတ်ကို ဗဟိုပြုသော စက်ဝိုင်းတစ်ခု၏ ထောင့်လက်တံ နှစ်ခုကြား အ၀န်းပိုင်းအလျား (s) နှင့် အချင်းဝက် (r) တို့၏ အချိုးဖြစ်သည်။



Relation between Degree and Radian Measure

Six Trigonometric Ratios of a Right Angle

Trigonometric ratios ဆိုသည်မှာ ထောင့်မှန်တြိဂံတစ်ခု၏ ထောင့်မှန်မဟုတ်သော ထောင့်တစ်ခုနှင့် အနားများ ၏ ဆက်စပ်မှု အချိုးများ ဖြစ်သည်။ ထောင့်မှန်တြိဂံ တစ်ခု၏ Trigonometric Ratios များကို ဖော်ပြရလျှင်-


Identities


Trigonometric Ratios of Special Angles

Trigonometric Ratios of Any Angles

ထောင့်အတိုင်းအတာ အားလုံးအတွက် အချိုးများကို ရှာနိုင်ရန် unit circle ကိုလေ့လာမည်။ Unit circle ဆိုသည် မှာ Radius ပမာဏ 1 unit ရှိသော circle တစ်ခုဖြစ်သည်။ Circle ၏ ဗဟို(centre) ကို X-Y plane(Cartesian Plane) ၏ origin အဖြစ်သတ်မှတ်သည်။ Trigonometric ratios ရှာလိုသော ထောင့်၏ initial side အဖြစ် positive X-axis ကို သတ်မှတ်သည်။


ဆက်ပါမည်………………..။

Leave a comment